Knowledge

Knowledge refers to the understanding, awareness, and familiarity that a person has of a particular subject or area of study. It is acquired through education, experience, and research, and is essential for personal and professional growth. Knowledge allows individuals to make informed decisions, solve problems, and adapt to new situations. It also helps to build confidence and self-esteem, and can lead to greater success and achievement in life. In today's rapidly changing world, knowledge is more important than ever, as new technologies, ideas, and discoveries are constantly emerging. By staying curious and engaged in lifelong learning, individuals can continue to expand their knowledge and discover new opportunities for personal and professional growth.

Sunday, February 5, 2023

ချစ်သူများနေ့မှာ ဘာလို့ချောကလက်‌ေပးရတာလဲ


 ချစ်သူများနေ့မှာ ဘာလို့ချောကလက်‌ေပးရတာလဲခေတ်ကာလတွေ ပြောင်းလဲလာပေမယ့် ယနေ့အချိန်ထိ မပြောင်းလဲသေးတာကတော့ ချစ်သူများနေ့မှာ ချောကလက်ကို လက်ဆောင်အ​​ဖြစ်ပေးနေကြတာဘဲ ဖြစ်ပါတယ်။


ချစ်သူများနေ့မှာ ချစ်ခြင်းလက်ဆောင်အဖြစ် ချောကလက်ကို ဘာကြောင့်ပေးရတာလဲ

ဘယ်လိုအဓိပ္ပါယ်တွေရှိနေလို့လဲ


ပထမအချက်ကတော့ ချောကလက်ဟာ ချစ်စိတ်တွေကို ပိုတိုးလာစေနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။


သိပ္ပံနည်း လေ့လာချက်တွေအရ ချောကလက်စားထားသောသူဟာ မစားထားသောသူထက် ရိုမန်တစ်ဆန်သော အရာတွေကို လုပ်ဆောင်ဖို့ ပို၍စိတ်ဆန္ဒရှိကြပါတယ်။


လူတစ်ယောက်ကို ချစ်ဖို့စိတ် အလွယ်တကူ ဖြစ်စေနိုင်သော စိတ်ကြွဆေးတစ်မျိုးလို့လည်း သိပ္ပံပညာရှင်များက ဆိုပါတယ်။


ဒုတိယအချက်ကတော့ ချောကလက်ဟာ "Theobroma Cocoa" လို့သိထားကြသော ကိုးကိုးပင်မှ ရရှိသော အစာဖြစ်ပါတယ်။


"Theobroma Cocoa" သည် ဂရိလူမျိုးများရဲ့ အဆိုအရ "Food For Gods" ဟု အဓိပ္ပါယ် ရပါတယ်။ ထို့ကြောင့် ချောကလက်ဟာ ပေးတဲ့သူရော အပေးခံရတဲ့သူအတွက်ရော ကောင်းချီးမင်္ဂလာ ဖြစ်ပါတယ်။


တတိယအချက်ကတော့ ချောကလက်ဟာ လူတွေရဲ့စိတ်ခံစားချက်အပေါ် သက်ရောက်မှု ရှိပါတယ်။


ချောကလက်ပေးတယ်ဆိုတာဟာ ကိုယ့်ရဲ့စစ်မှန်သော ပျော်ရွှင်မှုတွေ၊ ချစ်ခြင်းတွေ၊ ခံစားချက်တွေ၊ အသနားခံမှုတွေ၊ အေးချမ်းမှုတွေကို တစ်ဖက်လူ ခံစားသိမြင်စေလိုတဲ့အတွက် ဖြစ်ပါတယ်။


ချောကလက်ဟာ ချစ်ခြင်းသင်္ကေတ ဖြစ်တာမလို့ ချစ်သူတွေမှမဟုတ်ပါဘူး သူငယ်ချင်းအချင်းချင်း၊ မိသားစုအချင်းချင်း အပြန်အလှန်ပေးလို့ရတဲ့ လက်ဆောင်ပစ္စည်းဆိုလည်း မမှားပါဘူး။


Onde encontrar lojas de chocolates em Roma | Roma Pra Você


စတုတ္ထအချက်ကတော့ ချောကလက် အထူးသဖြင့် Darkချောကလက်ဟာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။


Darkချောကလက်ထဲမှာ ပါဝင်တဲ့ ဓာတ်တစ်ချို့ဟာ ကင်ဆာရောဂါနှင့် နှလုံးရောဂါတို့ကို ပျောက်ကင်းသက်သာစေပါတယ်။ ကျန်မားရေအတွက်ပဲ ကောင်းတာမဟုတ်ပါဘူး။ အသားအရေကိုလည်း စိုပြေလှပစေပါတယ်။ စိတ်ညစ်တဲ့အခါမျိုးမှာ ချောကလက်စားပေးရတယ်လို့ စာဖတ်ပရိသတ်တွေ ကြားဖူးမှာပါ။ ဒါ့ကြောင့် ချောကလက်ဟာ စိတ်ပျိုကိုယ်နုစေပါတယ်။ 


အချစ်ကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ရုံသာမက နှလုံးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပေမယ့် ချောကလက်ကို နေ့တိုင်းစားဖို့တော့ မသင့်ပါဘူး။


နောက်ဆုံးအချက်ကတော့ ရိုးရှင်းပါတယ်။ လူကြိုက်အများဆုံး အစားအစာဖြစ်လို့ပါ။ ချောကလက်ကို မကြိုက်တဲ့သူ ရှိကောင်းရှိပါလိမ့်မယ်။ အရမ်းကိုရှားပါတယ်။ မကြိုက်ဘူးဆိုရင်တောင် လက်​ဆောင်ပေးသူရဲ့ စစ်မှန်တဲ့ ချစ်​​ခြင်းမေတ္တာအား အသိအမှတ်ပြုတဲ့အနေနဲ့ လက်ခံယူထားသင့်ပါတယ်။ FA လေးတွေလည်း ကိုယ့်ရဲ့ Crush နဲ့ အောင်မြင်ကြပါစေ။


Credit to original

1 comment:

300MB Movies, Punjabi MoviesChobbar 2022 Punjabi ORG 1080p 720p 480p WEB-DL x264 SSR Movies 2 Days Ago 4 Comments

  Chobbar (2022) 1080p 720p 480p WEB-DL x264 IMDb: 8.0/10 || Size: See below ▼ || Language: Punjabi (ORG) Genres: Action Director: Maneesh B...