Knowledge

Knowledge refers to the understanding, awareness, and familiarity that a person has of a particular subject or area of study. It is acquired through education, experience, and research, and is essential for personal and professional growth. Knowledge allows individuals to make informed decisions, solve problems, and adapt to new situations. It also helps to build confidence and self-esteem, and can lead to greater success and achievement in life. In today's rapidly changing world, knowledge is more important than ever, as new technologies, ideas, and discoveries are constantly emerging. By staying curious and engaged in lifelong learning, individuals can continue to expand their knowledge and discover new opportunities for personal and professional growth.

Sunday, April 2, 2023

တက္ကသိုလ် ‌‌မေဂျာများ၏ကြောင်း





 အဝေးသင် ဘယ် Major ကကောင်းတယ် မကောင်းဘူးဆိုတာကို သိသလောက်လေးမျှဝေပေးချင်ပါတယ်။ 


မြန်မာစာ(Myanmar)

ဆယ်တန်းတုန်းကမြန်မာစာတော်ရင် ဂုဏ်ထူးပါရင် ချီးကျူးကြပြီး တက္ကသိုလ်ရောက်တော့ မြန်မာစာမေဂျာလို့ ပြောလိုက်ရင် အထင်သေးချင်ကြတယ် နိမ့်တဲ့မေဂျာလို့မြင်ကြတယ်  တကယ်တော့ကျွန်တော်နိုင်ငံဟာ မြန်မာစကားကိုသာအဓိကပြောပြီး ရုံးသုံးဘာသာဟာလည်း မြန်မာစာသာဖြစ်ပါတယ် မြန်မာစာဟာ အလွန်စိတ်ဝင်စားစရာကောင်းပြီး ဒီနိုင်ငံမှာအလုပ်လုပ်ကိုင်သူများအတွက်ပိုပြီးကောင်းမွန်ပါတယ် ကျနော်တို့ဌာနဆိုင်ရာရုံးပိုင်းအသီးသီးက ဝန်ထမ်းများဟာ မြန်မာစာဘွဲ့ရတွေဖြစ်ပါတယ် ပါမောက္ခချူပ်တွေ ညွှန်ကြားရေးမှူးချူပ်တွေဟာလည်း မြန်မာစာဘွဲ့ရအများဆုံးဖြစ်ကြပါတယ် ဒါကြောင့်မြန်မာစာမေဂျာဟာ ကောင်းမွန်တဲ့ဘာသာရပ်ဖြစ်ပါတယ်။

အင်္ဂလိပ်စာ(English)

ဝိဇ္ဇာတွဲမှာအမြင့်ဆုံးမေဂျာလို့သတ်မှတ်ပေးထားပြီး အင်္ဂလိပ်စာအမှတ် ၅၅ နှင့်အထက်ရမှသာတက်ရောက်နိုင်တဲ့မေဂျာဖြစ်ပါတယ် အင်္ဂလိပ်ဘာသာရပ်ဟာ နိုင်ငံတကာသုံးဖြစ်ပြီး သင်ယူလို့မကုန်နိုင်တဲ့ကျယ်ပြန့်တဲ့ မေဂျာတစ်ခုဖြစ်ပါတယ် အစိုးရအလုပ်နဲ့ ပုဂ္ဂလိက လုပ်ငန်းတွေမှာ အကြိုက်ဆုံးဘာသာတွဲဖြစ်ပါတယ်။

ပထဝီဝင်(Geography)

စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာကောင်းတဲ့မေဂျာထဲမှာ ပထဝီကထိပ်ဆုံးကပါပါတယ် အဝေးသင်ဆိုရင် ကျောင်းတိုင်းမှာကျောင်းသားအများဆုံးမေဂျာဖြစ်ပါတယ် အနီးကပ်တက်ရတဲ့ အသုတ်ထဲပါပြီး စာတော့ဖြေခါနီးရင်အရမ်းကျက်ရပါတယ် ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေတဲ့သူတွေ တက်သင့်တဲ့မေဂျာကောင်းတစ်ခုပါ Geography ဟာ နိုင်ငံတကာမှာလည်း အသုံးအရမ်းဝင်တဲ့ ပညာရပ်တစ်ခုဖြစ်ပြီး မြန်မာ့ အစိုးရအလုပ်တွေမှာလည်းအခေါ်များတဲ့မေဂျာတစ်ခုပါ။

သမိုင်း(History)

သမိုင်းမေဂျာကတော့ အောင်ဖို့လွယ်တဲ့ မေဂျာထဲမှာပါပါတယ် မြန်မာ့သမိုင်းနဲ့ယဉ်ကျေးမှုတွေ စိတ်ဝင်စားတဲ့ကျောင်းသားလူငယ်တွေတက်သင့်ပါတယ် နောက်ဆုံးနှစ်မှာစာသေချာကြိုးစားရင် Qualified ပါဖို့လွယ်ပြီး မဟာတန်းဆက်တက်ဖို့ အခွင့်သာတဲ့မေဂျာကောင်းတစ်ခုဖြစ်ပါတယ်။

ဒဿနိကဗေဒ(Philosophy)

ဒဿနိကဗေဒကလည်း အပေါ်ကသမိုင်းမေဂျာလိုပါပဲ အောင်ဖို့လွယ်ပြီး နောက်ဆုံးနှစ်မှာ စာကြိုးစားရင် Qualified ပါဖို့လွယ်ပြီး မဟာတန်းဆက်တက်ဖို့ အခွင့်ရေးရနိုင်တဲ့မေဂျာဖြစ်ပါတယ်။

ဥပဒေပညာ(Law)

ဥပဒေပညာကတော့ မြန်မာနိုင်ငံသာမက နိုင်ငံတကာကပါ အထူးနှစ်ခြိုက်ကြတဲ့ မေဂျာဖြစ်ပါတယ် ကျောင်းပြီးလို့ အလုပ်ဝင်ရင်လည်း လစာအထူးကောင်းတဲ့မေဂျာထဲပါပါတယ် lawyer အဖြစ်ရပ်တည်လိုသူတွေအများဆုံးရွေးကြပါတယ် အခြားသင်တန်းနှစ်တွေထက် တစ်နှစ်ပိုတက်ရပြီး နိုင်ငံ့နည်းဥပဒေစိတ်ဝင်စားသူတွေတက်သင့်တဲ့ မေဂျာကောင်းဖြစ်ပါတယ်။

အရှေ့တိုင်းပညာ( Oriental Studies)

ပါဠိ ကိုအဓိကထားသင်ကြားပေးတဲ့မေဂျာဖြစ်ပါတယ် စိတ်ဝင်စားစရာကောင်းပြီး ဘာသာရေးအယူဝါဒ နဲ့ ယဉ်ကျေးမှုတွေကို စိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူများတက်သင့်ပါတယ် အောင်ဖို့လွယ်ပြီး မဟာတန်းတက်ချင်တဲ့သူများအတွက် အခွင့်ရေးသာတဲ့ မေဂျာကောင်းတစ်ခုဖြစ်ပါတယ်။

ဓာတုဗေဒ (Chemistry)

အဝေးသင်သင်တန်းမှာ ပထမသုတ်ထဲပါပြီး အပတ်စဉ် တစ်ပတ်ခြားတစ်ခါ practical ဆင်းရတဲ့ မေဂျာတစ်ခုပါ သဘောတရားအလွန်ကျယ်ပြန့်ပြီး မြင့်တဲ့မေဂျာထဲပါပါတယ် theory တွေကိုအဓိကထားကျက်ရပြီး တွက်စာလည်းအနည်းငယ်ပါပါတယ် ဓာတုဗေဒဘာသာရပ်ဟာ မြန်မာနိုင်ငံအတွက် အထူးသင်ယူတတ်ရောက်ဖို့လိုအပ်နေတဲ့ဘာသာရပ်တစ်ခုပါ မြန်မာနိုင်ငံမှာ chemist တွေအများကြီးလိုအပ်နေပါသေးတယ် အလုပ်အကိုင်အခွင့်လမ်း ပေါတဲ့ မေဂျာဖြစ်ပြီး စက်ရုံပိုင်း ဆေးဝါး အလှကုန် ဓာတ်ခွဲကျွမ်းကျင်လုပ်ငန်းများ FDA စတဲ့ အလုပ်အကိုင်တွေလုပ်ကိုင်နိုင်ပါတယ်။

ရူပဗေဒ (Physics)

အင်ဂျင်နီယာဘာသာရပ်ကိုအခြေခံထားပြီး အတွက်အချက်ထူးချွန်တဲ့ ကျောင်းသားလူငယ်တွေတက်ရောက်သင့်ပါတယ် အလုပ်အကိုင်အခွင့်လမ်းပေါများပြီး မြင့်တဲ့မေဂျာထဲပါပါတယ် မြန်မာနိုင်ငံရဲ့ ဝန်ထမ်းအလုပ်တွေမှာ ကြိုက်တဲ့ဘာသာရပ်ဖြစ်ပြီး နေရာကောင်းရလွယ်တဲ့မေဂျာဖြစ်ပါတယ်။

သင်္ချာ(Mathematics)

အတွက်အချက်တော်တဲ့ကျောင်းသားများတက်သင့်တဲ့မေဂျာဖြစ်ပြီး ဓာတု ရူပကဲ့သို့ မြင့်တဲ့မေဂျာထဲမှာပါပါတယ် အလုပ်အကိုင်အတွက် အခွင့်လမ်းများပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေကြိုက်တဲ့မေဂျာထဲပါပါတယ် သင်္ချာဘွဲ့ ရပြီး စာရင်းကိုင်သင်တန်းများ LCCI accounting သင်တန်းများတက်ရောက်ထားပါက လစာအထူးမြင့်မားတဲ့မေဂျာကောင်းတစ်ခုဖြစ်ပါတယ်။

(Zoology) & (Botany)

ဆယ်တန်းတုန်းကဇီဝဗေဒဘာသာကို နှစ်ပိုင်းခွဲပြီး ပြန်လည်သင်ကြားရတဲ့ဘာသာရပ်ဖြစ်ပါတယ် အပတ်စဉ်တစ်ပတ်ခြားတစ်ခါတက်ရောက်ရမည်ဖြစ်ပြီး ကြိုးစားပါက Qualified ပါရန်လွယ်ပြီး မဟာတန်းဆက်တက်ဖို့ အခွင့်ရေးများတဲ့မေဂျာတွေဖြစ်ပါတယ်
အစိုးရအလုပ်အကိုင်များအတွက်လည်း ရနိုင်ခြေများတဲ့မေဂျာတွေဖြစ်ပါတယ်။

စီးပွါးရေး(Economics)

BA (eco) ဖြစ်ပြီး စီးပွါးရေး ဝါသနာပါသူတွေတက်သင့်ပါတယ် အခြားစီးပွါးရေးတက္ကသိုလ်တွေမှာပေးတဲ့ BA ( eco.com ) ဘွဲ့မဟုတ်ပါ ရိုးရိုး BA(eco)သာဖြစ်ပါတယ် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကြိုက်တဲ့ ဘွဲ့တစ်ခုဖြစ်ပါတယ်။

သိသလောက်လေးပြန်မျှဝေပေးတာပါ မေဂျာတိုင်းက စိတ်ဝင်စားစရာကောင်းပြီး ကောင်းတဲ့မေဂျာတွေချည်းဖြစ်ပါတယ် မကောင်းတဲ့မေဂျာမရှိပါ ကိုယ်တိုင်ကြိုးစားမှုကသာ အဓိကဖြစ်ပါတယ် ဝါသနာပါတာတက်ပါ။

အဝေးသင်ကျောင်းသားကျောင်းသူတွေဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေကြတဲ့သူတွေမို့ ဂုဏ်ယူစရာလည်းကောင်းပါတယ် အပြင်သင်တန်းတွေလည်းတက်ပြီး စာလည်းကြိုးစားပြီး ပျော်ပျော်တက်ကြဖို့ပဲ အကြံပေးချင်ပါတယ်။

ကျွန်တော်လည်းအဝေးသင်ကျောင်းသားဖြစ်ပါတယ် သိချင်တာလေးတွေရှိရင်အကောင့်မှာလာမေးလို့ရပါတယ်ဗျ သိသလောက်လေးပြန်မျှဝေပေးပါမယ် ဆရာကြီးတော့မဟုတ်ပါဗျ။

No comments:

Post a Comment

300MB Movies, Punjabi MoviesChobbar 2022 Punjabi ORG 1080p 720p 480p WEB-DL x264 SSR Movies 2 Days Ago 4 Comments

  Chobbar (2022) 1080p 720p 480p WEB-DL x264 IMDb: 8.0/10 || Size: See below ▼ || Language: Punjabi (ORG) Genres: Action Director: Maneesh B...